back

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ငှက်မျိုးစိတ်များ စုစုပေါင်း (၄၆)မျိုး စာရင်းကောက်ယူနိုင်ခဲ့

Jan 25 • 2:04 AM

breaking-news

မြန်မာ

ကချင်

cover

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ငှက်မျိုးစိတ်များ စုစုပေါင်း (၄၆)မျိုး စာရင်းကောက်ယူနိုင်ခဲ့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင်အကြီးဆုံး ကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ...

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင်အကြီးဆုံး ကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း အာရှ ရေပျော်ငှက်စာရင်းကောက်ယူရာ၌ ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော် ငှက်မျိုးစိတ်များ စုစုပေါင်း(၄၆)မျိုး၊ ကောင်ရေ (၂၄,၁၇၇)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။အင်းတော်ကြီးအိုင်သည် နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို့ ရောက်ရှိလာတိုင်း ကမ္ဘာ့မြောက်ဘက်အပိုင်းမှ လာရောက်ဆောင်းခိုလေ့ရှိသည့် ရှားပါးငှက်မျိုးစိတ်များနှင့် ဒေသရင်း ရေပျော်ငှက်မျိုးစိတ်များသည် ကျင်လည်ကျက်စားလျက်ရှိကြသည်။နှစ်စဉ် အောက်တိုဘာလ ဒုတိယအပတ်တွင် ဆောင်းခိုငှက်များ ကြိုဆိုပွဲအဖြစ် အသိပညာပေး ဟောပြောပွဲများကျင်းပခြင်းနှင့် ဆိုင်းဘုတ်စိုက်ထူခြင်းစသည့် လှုပ်ရှားမှုများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

news-view-count-icon

116