back

တောင်ကြီး-ဟိုပုံလမ်းတွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့မှ ၉ နာရီနီးပါးကြာ ကယ်ဆယ်ခဲ့ရ

Jan 25 • 2:13 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီး-ဟိုပုံလမ်းတွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့မှ ၉ နာရီနီးပါးကြာ ကယ်ဆယ်ခဲ့ရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရတနာဉယျာဉ်ရွာအနီးတွင် ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရတနာဉယျာဉ်ရွာအနီးတွင် ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်သို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ဆီဘောက်ဆာယာဉ်မှ မီးလောင်မှုမဖြစ်ပွားစေရန်အတွက် တောင်ကြီးခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ အုပ်ချုပ်မှုယာဉ်များအပြင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များစွာဖြင့် ဝိုင်းဝန်းအအေးပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရသည်။ တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဇန်နဝါရီ ၂၅ ရက် နံနက် ၂ နာရီအချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

16