back

ဒီးမော့ဆိုအနောက်ခြမ်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်ရွယ်ချက်နဲ့ ကလေးသူငယ်များ စုပေါင်း အမှိုက်ကောက်

Jan 24 • 4:34 PM

breaking-news

မြန်မာ

ကရင်

cover

ဒီးမော့ဆိုအနောက်ခြမ်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်ရွယ်ချက်နဲ့ ကလေးသူငယ်များ စုပေါင်း အမှိုက်ကောက်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဝါဘန်းပလို (Leadership Promotion Department – LPD ) ကလေးသူငယ်အဖွဲ့က ဦးဆောင်ပြီး ဝါဘန်းပလိုကျေးရွာနဲ့ ရွာ အနီးအနာ...

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဝါဘန်းပလို (Leadership Promotion Department – LPD ) ကလေးသူငယ်အဖွဲ့က ဦးဆောင်ပြီး ဝါဘန်းပလိုကျေးရွာနဲ့ ရွာ အနီးအနားတဝိုက်ကို ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စုပေါင်းအမှိုက်ကောက်ခဲ့ကြပါတယ်။ အခုတကြိမ် အမှိုက်လိုက်ကောက်တာဟာ (၂၅) ကြိမ်မြောက်ဖြစ်ပြီး ကျေးရွာနဲ့ ရွာအနီးနား တဝိုက် စည်ပင်သာယာဖို့နဲ့ အမှိုက်ကင်းစင်ဖို့ တစ်လတခါ ပုံမှန်အမှိုက်ကောက်လေ့ရှိတယ်လို့ သူမက ဆက်ပြောပြပါတယ်။ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ လူဦးရေ များပြားလာတာနဲ့အမျှ အမှိုက်ထွက်နှုန်းကလည်း ပိုမို များပြားလာတယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုအနောက်ခြမ်းမှာ ရပ်ရွာအလိုက် အခုလို မိမိပတ်ဝန်းကျင် ရပ်ရွာသန့်ရှင်းရေးအတွက် ပရဟိတလုပ်ဆောင်ကြတဲ့ လူငယ်တွေ (၅) ဖွဲ့ ထက်မနည်းရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ငွေကြေးအရသော်လည်ကောင်း၊ အားပေးထောက်ခံမှုအားနည်းလာတာကြောင့် ပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်တဲ့သူတွေ နည်းပါးလာတယ်လို့ သိရပါတယ်။


news-view-count-icon

15