ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များတွင် အုပ်စုဖွဲ့၍ လူသတ်၊ ဓါးပြတိုက်၊ မုဒိမ်းကျင့် ကျူးလွန်ခဲ့သည့် တရားခံ လေးဦးအား ဆက်လက်စစ်ဆေးရာ ကား၊ ဆိုင်ကယ် လုယက်ခဲ့သည့်ပြစ်မှုများအပြင် လူသတ်မှုများလည်း ထပ်မံပေါ်ခဲ့ပြီး သက်သေခံပစ္စည်းများအား သိမ်းဆည်း ရမိထားကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။အုပ်စုဖွဲ့ လူသတ် ဓါးပြတိုက် ၊ မုဒိမ်းကျင့် တရားလေးဦးအား ဆက်လက်စစ်ဆေးမေးမြန်ရာ ၎င်းတို့ ကျူး လွန်ခဲ့သည့် လုယက်မှုများအပြင် လူသတ်ခဲ့သည့်ပြစ်မှုများ ထပ်မံပေါ် ခဲ့ကာ သက်သေခံပစ္စည်းများဖြစ်သည့် ဆိုင်ကယ် ဖုန်းများကို လိုက်လံသိမ်းဆည်းနိုင်ခဲ့ပြီး ကား၊ ဆိုင်ကယ် ပိုင်ရှင်များ အနေဖြင့် နယ်မြေခံ ရဲစခန်းတွင်လာရောက် ကြည့်ရှူနိုင်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးက ဆိုသည်။ အဆိုပါ တရားခံများသည့် ပြီးခဲ့သည့် ၂၀၂၅ခု နှစ် ဒီဇင်ဘာ (၂၅) ရက်နေ့ ည ၈နာရီခွဲ အချိန် တွင် တပ်ကုန်း ရပ်ကွက် ဒေသအခေါ် ဂျပန်လမ်းတွင် အုပ်စုဖွဲ့ လူသတ်၊ ဓါးပြတိုက်၊ မုဒိမ်းကျင့်ခဲ့သည့် တရားခံများဖြစ်ပြီး ကျူးလွန်ခဲ့
သူများအား မြစ်ကြီးနားမြို့မရဲစခန်းမှ (ပ) ၂/၂၀၂၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၆ အရ ဆက်လက်အမှုဖွင့်
အရေးယူဆောင် ရွက်ထားကြောင်းသိရသည်။



