ရခိုင်ပြည်အတွင်း စက်သုံးဆီဈေး အဆမတန်ကြီးမားနေမှုကြောင့် လူမှုကူညီရေးပရဟိတအဖွဲ့တွေမှာ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။စက်သုံးဆီ ဈေးအဆမတန်မြင့်တက်နေမှုကြောင့် ရခိုင်ပြည်အတွင်း သာရေး၊ နာရေးနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) ဥက္ကဋ္ဌ ကပြောပါတယ်။လက်ရှိ ရခိုင်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ တခြားမြို့နယ်တချို့မှာ အောက်တိန်း 95 တစ်လီတာကို ကျပ် ၁၀,၀၀၀ ကနေ ၁၂,ဝဝဝ လောက်နဲ့ အိန္ဒိယနိုင်ငံထုတ် စက်သုံးဆီတစ်လီတာကို ကျပ် ၆,၅ဝဝ ကနေ ၇,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ သိရပါတယ်။အဲလို ဈေးနှုန်းအဆမတန်မြင့်တက်နေတဲ့အတွက် လူမှုကူညီရေးအသင်းတွေမှာ စက်သုံးဆီဖိုး အကြွေးတင်နေရတယ်လို့ ဆိုကြပါတယ်။
Jan 25 • 1:31 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 22 | 0 | 0 | 0 |


