မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တွင် ရက်ရက်စက်စက် ရိုက်နှက်အသတ်ခံခဲ့ရသည့် အွန်လိုင်းဆယ်လီ ဧရာဝတီမ (ခ) ကိုတင်ဇော်ထွေး၏ ဈာပနကို ယနေ့ ဇန်နဝါရီ ၂၄ ရက်၊ နေ့လယ်ပိုင်းတွင် မဲဆောက်မြို့ရှိ ထေ့စပန်းသုဿာန်၌ ပြုလုပ်ခဲ့သည်။ ဧရာဝတီမ အသက် (၃၃) နှစ်သည် ဇန်နဝါရီ ၁၉ ရက် ညဦးပိုင်းတွင် နေအိမ်မှ ထွက်ခွာသွားပြီး နောက် ပျောက်ဆုံးနေခဲ့ရာမှ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းတွင် မဲဆောက်မြို့၊ မဲတောင်ရှိ ကုက္ကိုလ် ပင်အောက်၌ ရိုက်နှက်အသတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယနေ့ပြုလုပ်သည့် ဈာပနအခမ်းအနားသို့ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဧရာဝတီမကို ချစ်ခင်သူများလာရောက်၍ နောက်ဆုံးခရီးကို ပို့ဆောင်ခဲ့ကြသည်။



