Bang Khun Thian- Ban Phaeo လမ်းပိုင်းမှာ ကရိန်းပြိုကျမှု ဖြစ်ပြီးတဲ့နောက် ထိုင်း ဟိုင်းဝေးလမ်း ဦးစီးဌာနက မိန်းလမ်းကြီးတွေကို ရက် ၆၀ ပိတ်လိုက်ပြီး ဒီ ပရောဂျက် တည်ဆောက်နေတဲ့ ကန်ထရိုက်နဲ့ စာချုပ်ကိုလည်း ရပ်ဆိုင်းဖို့လုပ်နေပါပြီ။ ဟိုင်းဝေးလမ်း ဦးစီးဌာန ရဲ့အဆိုအရ အခုဖြစ်တဲ့ ပြဿနာက မတော်တဆမှုမဟုတ်ဘဲ Structural ပိုင်းမှာ ပြဿနာဖြစ်တာဖြစ်ပြီး 100% ပြန်လည် တည်ဆောက်ဖို့လိုနေတာပါ။ ကရိန်းတွေရဲ့ မတဲ့ လုပ်ဆောင်ချက်မှာ ချို့ယွင်းချက်ရှိတာဖြစ်ပြီး အဲ့တာ ပြိုကျတဲ့နောက် အဓိက Structure တွေပါ ပြိုလဲတာပါ။ လက်ရှိမှာတော့ ထိုင်းရဲ့ အင်ဂျင်နီယာတွေက လေ့လာစုံစမ်းနေဆဲဖြစ်ပြီး ပြိုကျတဲ့ အကြောင်းအရင်းကို မကြာခင် တိတိကျကျ ထုတ်ပြန်မှာဖြစ်သလို နောက်နောင်မှာလည်း အခုလို ပြဿနာတွေမဖြစ်ဖို့ လုပ်ဆောင်နေကြပါတယ်။



