ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ခွေးနဲ့ ကြောင်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စည်းမျဉ်းသစ်အရ မှတ်ပုံတင်စာရင်းသွင်းပြီး ခန္ဓာကိုယ်ထဲမှာ Microchip ထည့်သွင်းဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီစည်းမျဉ်းကို လိုက်နာဖို့ ပျက်ကွက်ရင် ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။
🔶အဓိကအချက်အလက်များ
✅ စတင်အသက်ဝင်မည့်ရက် - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး အကျုံးဝင်မှာ ဖြစ်ပါတယ်။
✅ ရည်ရွယ်ချက် - မြို့ပြတိရစ္ဆာန် စီမံခန့်ခွဲမှုစနစ်ကို ခေတ်မီအောင် ပြုလုပ်ဖို့၊ ပျောက်ဆုံးသွားတဲ့ တိရစ္ဆာန်တွေကို ပြန်ရှာနိုင်ဖို့နဲ့ ရောဂါထိန်းချုပ်ဖို့ ရည်ရွယ်ပါတယ်။
✅ Microchip စံနှုန်း - တိရစ္ဆာန်ရဲ့ ပခုံးနှစ်ဖက်ကြား အရေပြားအောက်မှာ ထည့်သွင်းရမယ့် RFID microchip ဟာ နိုင်ငံတကာစံချိန်မီ (ISO11784/ISO11785) ဖြစ်ရမှာဖြစ်ပြီး ဂဏန်း ၁၅ လုံးပါတဲ့ သီးသန့် ID နံပါတ် ပါဝင်ရမှာ ဖြစ်ပါတယ်။



