ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွှေပြည်သာတံတားပေါ်တွင် ယမန်နေ့(ဇန်နဝါရီ ၂၃ ရက်)ည ၈ နာရီခွဲခန့်က အသက် ၃၀ ကျော် အမျိုးသားတစ်ဦးသည် အင်းစိန်ဘက်မှ လှိုင်သာယာဘက်သို့စက်ဘီးဖြင့်အလုပ်ကပြန်လာစဉ် ရွှေပြည်သာတံတား လှိုင်သာယာဘက် အဆင်းတွင် နောက်မှပါလာသည့် ကားကတိုက်မိပြီး လွင့်ကျခဲ့ရာ ထပ်မံ၍ နောက်မှပါလာသည့်ကားက ကြိတ်မိလိုက်သည့်အတွက်နေရာတွင် သေဆုံးသွားကြောင်းသိရသည်။
ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးသူမှာ ဦးနှောက်များထွက်၊လျှာပြက်ထွက်၊ လက်ကျိုးပြီးပြတ်ထွက်၊ ခေါင်းနောက်စေ့ပွင့်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။



