အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး ရမှတ် (၃၃) မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နေသည်။ရန်ကုန်ယူနိုက်တက်အသင်းမှာ ရမှတ် (၃၂)မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယအဆင့်နှင့် ဒဂုံစတားယူနိုက်တက်အသင်းမှာ ရမှတ် (၂၂)မှတ်ဖြင့် တတိယနေရာတွင် အသီးသီး ရပ်တည်နေပြီဖြစ်သည်။



