ရွေးကောက်ပွဲ အပိုင်း (၃) ပြုလုပ်ရန် ရက်ပိုနီးလာ၍ရှမ်းပြည်နယ်တောင်ပိုင်းတွင် အင်တာနက် လိုင်းများ သုံးမရအောင် လိုင်းပျက်နေကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။ထိုသို့ လိုင်းကျရာတွင် ဝိုင်ဖိုင် ကြိုးလိုင်းများသာမက ၊ ဖုန်းဆင်းကတ် အင်တာနက်လိုင်းများလည်း လိုင်းကျနေခြင်း ဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်တောင်ပိုင်းတွင် အင်တာနက်လိုင်းများ ကျနေ၍ အွန်လိုင်းမှ သင်တန်း တက်ရောက်သူများ၊ ငွေလွှဲ လုပ်ငန်းဆောင်ရွက်သူများနှင့် အွန်လိုင်း စျေးရောင်းသူများ အခက်အခဲ မျိုးစုံ ကြုံတွေ့နေရကြောင်း သိရသည်။



