ဇန်နဝါရီ ၂၀ ရက် ည ၉ နာရီခွဲ ဝန်းကျင်မှာ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ လမ်းပေါ်မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၂ ဦးက သေနတ်ချိန်ပြီး ဆိုင်ကယ်မောင်းပြေးခဲ့တာ ဖြစ်ပါတယ်။
မူဆယ်မြို့မှာ လောင်းကစားဝိုင်းတွေပေါများပြီး လက်နက်ကိုင်ထားတဲ့ အရပ်သားတွေလည်း များတာကြောင့် မကြာခဏ လုယက်မှု၊ ပြန်ပေးစွဲမှုနဲ့ ခိုးမှုတွေ ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက အရေးယူ လုပ်ဆောင်ပေးတာမရှိကြောင်း ဒေသခံတွေက ဆိုပါတယ်။အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် မနက် ၅ နာရီ ဝန်းကျင်က မူဆယ်မြို့ ဟိုနားရပ်ကွက်မှာ ဆိုင်ကယ်စီးလာတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားကို အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးက ဦးခေါင်းနဲ့လက်မောင်းကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားခဲ့ပါတယ်။



