နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် နည်းပညာအခြေပြု လိမ်လည်မှုများကို နှိမ်နင်းရန် စီမံချက်များအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံသား ၇၃ ဦးနှင့် မြန်မာနိုင်ငံသား ၁၃၆ ဦး အပါအဝင် နိုင်ငံခြားသား ၂၀၉ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ၎င်းတို့၏ သက်ဆိုင်ရာအစိုးရများသည် နောက်ထပ်ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အထွေထွေလူဝင်မှုကြီးကြပ်ရေးဌာနမှ သတင်းထုတ်ပြန်သည်။ ယခုနှစ်ဆန်း ရက်ပိုင်းအတွင်း (ဇန်နဝါရီ ၁ ရက်မှ ၂၂ ရက်အတွင်း) ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံခြားသား ၁၆၂၀ ဦးကို ပြည်နှင်ခဲ့ပြီး ဗီယက်နမ်၊ ထိုင်း၊ တရုတ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ နိုင်ငံသားများပါဝင်သည်။



