အာရှ ယူ-၁၇ ခြေစစ်ပွဲ အောင်မြင်ထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ကြောင်း အဖွဲ့ချုပ်ထံက သိရသည်။ယူ-၁၇ အမျိုးသမီးအသင်းအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်အမျိုးသမီးလိဂ်အတွင်း Young Lionesses ( ခြင်္သေ့ပျိုမေလေးများ ) အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲအတွေ့အကြုံနှင့် ကြံ့ခိုင်မှုကောင်းမွန်ရေးအတွက် ဦးစားပေးယှဉ်ပြိုင်နေခြင်းဖြစ်ပြီး၊ လက်ရှိတွင် AYA Bank Hostel ၌ အမျိုးသား ယူ-၁၇ အသင်းနှင့်အတူ ပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေကြောင်း သိရသည်။



