back

အိန္ဒိယမှာ Nipah ဗိုင်းရက်စ် ကူးစက်နေတဲ့အတွက် ထိုင်းမှာ စစ်ဆေးမှု တိုးမြှင့်နေ

Jan 24 • 9:01 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

အိန္ဒိယမှာ Nipah ဗိုင်းရက်စ် ကူးစက်နေတဲ့အတွက် ထိုင်းမှာ စစ်ဆေးမှု တိုးမြှင့်နေ

အိန္ဒိယ နိုင်ငံ အနောက် ဘင်ဂေါ မှာ ဇန်နဝါရီ ၁၂ ရက်ကစပြီး Nipah ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅ ဦး ရှိလာတဲ့အတွက် ထိုင်းအစိုးရက ပြည်သူတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ...

အိန္ဒိယ နိုင်ငံ အနောက် ဘင်ဂေါ မှာ ဇန်နဝါရီ ၁၂ ရက်ကစပြီး Nipah ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅ ဦး ရှိလာတဲ့အတွက် ထိုင်းအစိုးရက ပြည်သူတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိအချိန်ထိ ထိုင်းမှာ ကူးစက်ခံရသူ မရှိသေးပေမယ့် ရောဂါထိန်းချုပ်ရေးဌာန က နယ်စပ်ဂိတ်တွေနဲ့ လေဆိပ်တွေမှာ ရောဂါဖြစ်ပွားရာ ဒေသကလာတဲ့ ခရီးသည်တွေကို အထူးစောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။Nipah ဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် လင်းဆွဲတွေကနေတစ်ဆင့် ကူးစက်တတ်သလို ဝက်တွေနဲ့ လူအချင်းချင်းကြားမှာလည်း ခန္ဓာကိုယ်အရည်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ အပြင်းဖျားတာ၊ ကြွက်သားနာကျင်တာနဲ့ အသက်ရှူရခက်ခဲတာတွေ ဖြစ်ပွားတတ်ပြီး ပြင်းထန်ရင် ဦးနှောက်ရောင်ရမ်းကာ ‌ေ-သဆုံးနိုင်ပါတယ်။ ကုသဆေးနဲ့ ကာကွယ်ဆေး မရှိသေးဘဲ ‌ေ-သဆုံးမှုနှုန်း ၄၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ ရှိတဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုဖို့ အကြံပြုထားပါတယ်။ဗိုင်းရပ်စ်ပညာရှင် Dr. Yong Poovorawan ကတော့ ဒီရောဂါဟာ ၁၉၉၈ ခုနှစ်ကတည်းက မလေးရှားမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လူထုအနေနဲ့ အရမ်းထိတ်လန့်မနေကြဖို့ ပြောကြားထားပါတယ်။ ကာကွယ်ဖို့အတွက် လင်းဆွဲတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို ရှောင်ရှားဖို့၊ တိရစ္ဆာန်ကိုက်ရာပါတဲ့ အသီးအနှံတွေကို မစားဖို့နဲ့ အထူးသဖြင့် သရက်သီးပေါ်ချိန်မှာ အသီးတွေကို မစားခင် သေချာဆေးကြောကြဖို့ တိုက်တွန်းထားပါတယ်။ထိုင်း အာဏာပိုင်တွေကတော့ လူ၊ တိရစ္ဆာန်နဲ့ ပတ်ဝန်းကျင် ကျန်းမာရေးကို ချိတ်ဆက်ဆောင်ရွက်တဲ့ One Health ကွန်ရက်ကို အသုံးပြုပြီး ရောဂါအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ဥပဒေအရ Nipah ဗိုင်းရပ်စ်ကို အန္တရာယ်ရှိ ကူးစက်ရောဂါအဖြစ် သတ်မှတ်ထားပြီး လူသားတွေဆီ ကူးစက်မှု ရှားပါးပေမယ့် ပေါ့ဆလို့မရကြောင်း ကျန်းမာရေးဌာနတွေက အသိပေးထားပါတယ်။


news-view-count-icon

15