back

ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ်တိုလမ်းကို ထပ်မံရွေးချယ်တင်မြှောက်ခဲ့

Jan 24 • 7:31 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ်တိုလမ်းကို ထပ်မံရွေးချယ်တင်မြှောက်ခဲ့

လက်ရှိပါတီအထွေထွေ အတွင်းရေးမှူးတိုလမ်းကို နောင်လာမည့်ငါးနှစ်အတွက် ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် (၁၄) ကြိမ်မြောက် ဗီယက်နမ်ကွန်မြူနစ်ပါတီ ညီလာခံက ဇန်နဝါရီ ၂၃ ရက်တွ...

လက်ရှိပါတီအထွေထွေ အတွင်းရေးမှူးတိုလမ်းကို နောင်လာမည့်ငါးနှစ်အတွက် ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် (၁၄) ကြိမ်မြောက် ဗီယက်နမ်ကွန်မြူနစ်ပါတီ ညီလာခံက ဇန်နဝါရီ ၂၃ ရက်တွင် ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။ဗီယက်နမ်ကွန်မြူနစ်ပါတီညီလာခံ ပြီးဆုံးချိန်၌ ဇန်နဝါရီ ၂၃ ရက်တွင်လက်ရှိပါတီ အထွေထွေအ တွင်းရေးမှူးတိုလမ်းကို ပါတီအကြီးအကဲအဖြစ်ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်။ကွန်မြူနစ်ပါတီအထွေထွေ အတွင်းရေးမှူးသစ်အဖြစ် ထပ်မံရွေးချယ်ခံခဲ့ရသော တိုလမ်းအနေဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မကြာမီကာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရ တာဝန်ရှိသူများက ပြောကြားထားသည်။အသက် (၆၇) နှစ်အရွယ် တိုလမ်းသည် ပါတီအထွေထွေအတွင်းရေးမှူးဟောင်းငုယင်ဖူထရွန်း ကွယ်လွန်ခဲ့ရသည့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲရာထူးကို စတင်ရယူခဲ့သူဖြစ်သည်။ငါးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သည့် ကွန်မြူနစ်ပါတီညီလာခံကို ဟနွိုင်းမြို့တော်၌ ဇန်နဝါရီ ၁၉ ရက် တွင် စတင်ကျင်းပခဲ့ရာ ဗီယက်နမ်နိုင်ငံတစ်ဝန်းမှ ပါတီကိုယ်စားလှယ် ၁၆၀၀ နီးပါး တက်ရောက် ခဲ့ကြကြောင်း ဗီယက်နမ်ပြည်တွင်းမီဒီယာများက သတင်းထုတ်ပြန်ထားသည်။



news-view-count-icon

12