back

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့နေ ခွေးနဲ့ ကြောင်ပိုင်ရှင်များ မှတ်ပုံတင်ပြီး Microchip ထည့်သွင်းရန် မဖြစ်မနေ လိုအပ်

Jan 24 • 7:36 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့နေ ခွေးနဲ့ ကြောင်ပိုင်ရှင်များ မှတ်ပုံတင်ပြီး Microchip ထည့်သွင်းရန် မဖြစ်မနေ လိုအပ်

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာရှိတဲ့ ခွေးနဲ့ ကြောင်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စည်းမျဉ်းသစ်အရ မှတ်ပုံတင်စာရင်းသွင်းပြီး ခန္ဓာကိုယ်ထဲမ...

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာရှိတဲ့ ခွေးနဲ့ ကြောင်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စည်းမျဉ်းသစ်အရ မှတ်ပုံတင်စာရင်းသွင်းပြီး ခန္ဓာကိုယ်ထဲမှာ Microchip ထည့်သွင်းဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီစည်းမျဉ်းကို လိုက်နာဖို့ ပျက်ကွက်ရင် ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။အဓိကအချက်အလက်များမှာ-

စတင်အသက်ဝင်မည့်ရက် - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး အကျုံးဝင်မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက် - မြို့ပြတိရစ္ဆာန် စီမံခန့်ခွဲမှုစနစ်ကို ခေတ်မီအောင် ပြုလုပ်ဖို့၊ ပျောက်ဆုံးသွားတဲ့ တိရစ္ဆာန်တွေကို ပြန်ရှာနိုင်ဖို့နဲ့ ရောဂါထိန်းချုပ်ဖို့ ရည်ရွယ်ပါတယ်။Microchip စံနှုန်း - တိရစ္ဆာန်ရဲ့ ပခုံးနှစ်ဖက်ကြား အရေပြားအောက်မှာ ထည့်သွင်းရမယ့် RFID microchip ဟာ နိုင်ငံတကာစံချိန်မီ (ISO11784/ISO11785) ဖြစ်ရမှာဖြစ်ပြီး ဂဏန်း ၁၅ လုံးပါတဲ့ သီးသန့် ID နံပါတ် ပါဝင်ရမှာ ဖြစ်ပါတယ်။မှတ်ပုံတင်နိုင်သည့် နေရာများမှာ-ပိုင်ရှင်တွေအနေနဲ့ အောက်ပါနေရာတွေမှာ သွားရောက်မှတ်ပုံတင်နိုင်သလို ThaID application ကိုအသုံးပြုပြီး https://petregis.bangkok.go.th ဝက်ဘ်ဆိုက်ကနေလည်း အွန်လိုင်း စာရင်းသွင်းနိုင်ပါတယ်။

1. ခရိုင်ရုံးများနဲ့ ဘန်ကောက်တိရစ္ဆာန်ဆေးကုခန်းများ2. ခွင့်ပြုချက်ရ အစိုးရနှင့် ပုဂ္ဂလိက တိရစ္ဆာန်ဆေးခန်းများ3. စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒေသန္တရအစိုးရရုံးများ၊ ထိုင်းကြက်ခြေနီအသင်း4. မိုဘိုင်း တိရစ္ဆာန်ဆေးကုသရေး ယူနစ်မျ,ားနဲ့ပိုင်ရှင်တွေရဲ့ တာဝန်မှာမှတ်ပုံတင်တာအပြင် အောက်ပါ အပြောင်းအလဲတွေရှိရင်လည်း သက်ဆိုင်ရာကို မဖြစ်မနေ အသိပေးရမှာ ဖြစ်ပါတယ်။အဆိုပါအပြောင်းအလဲမှာ-

✅ ပိုင်ရှင်အပြောင်းအလဲ၊✅ လိပ်စာ ပြောင်းလဲခြင်း၊✅ မှတ်ပုံတင်ကတ် ပျောက်ဆုံး/ပျက်စီးခြင်း၊✅ တိရစ္ဆာန် ပျောက်ဆုံးခြင်း သို့မဟုတ် သေဆုံးခြင်း၊✅ လူကို ရန်မူတိုက်ခိုက်တတ်တဲ့ အန္တရာယ်ရှိ တိရစ္ဆာန်ဖြစ်ခြင်းတို့ဖြစ်ပါတယ်။


news-view-count-icon

13