back

နယူးဆောက်ဝေးလ်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံး

Jan 24 • 7:26 AM

breaking-news

မြန်မာ

ပြည်ပ

cover

နယူးဆောက်ဝေးလ်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံး

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ် မြို့ငယ်လေးတစ်မြို့တွင် ပစ်ခတ်မှုတစ်ခုကြောင့်လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူများက ပြောသည်။အဆိုပါပစ်ခ...

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ် မြို့ငယ်လေးတစ်မြို့တွင် ပစ်ခတ်မှုတစ်ခုကြောင့်လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူများက ပြောသည်။အဆိုပါပစ်ခတ်မှုသည် ဇန်နဝါရီ ၂၂ ရက်ညနေ ၄ နာရီ မိနစ် ၄၀ တွင် ကာဂယ်လီဂိုမြို့ လူနေ ရပ်ကွက်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့သည် လူသတ်မှုများနှင့် ဆက်စပ်ဖွယ်ရှိသူ အသက်(၃၇) နှစ်အရွယ် ဂျူလီယန် အင်ဂရမ်ဆိုသူကို ရှာဖွေနေသည်။အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မော်တော်ယာဉ်တစ်စီးအတွင်း ပစ်သတ်ခံရပြီးမကြာမီ ဒုတိယအကြိမ် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးကာ အမျိုးသားတစ်ဦးမှာဆေးရုံ၌ စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။အဆိုပါဖြစ်ရပ်သည် အိမ်တွင်းအကြမ်းဖက်မှုဖြစ်နိုင်ပြီး သေဆုံးသူတစ်ဦးသည် အင်ဂရမ်၏ ယခင် လက်တွဲဖော်ဖြစ်ဖွယ်ရှိကြောင်း ဩစတြေးလျသတင်းစာများက ဖော်ပြထားသည်။

နယူးဆောက်ဝေးလ် ရဲတပ်ဖွဲ့ကမူ ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်း မရှိပေ။သေနတ်သမားလွတ်မြောက် နေမှုကြောင့် ပြည်သူများအနေဖြင့် အိမ်တွင်း၌သာ နေထိုင်ရန် တိုက်တွန်းထားပြီး နောက်ပိုင်းတွင် အင်ဂရမ်၏ဓာတ်ပုံကို ထုတ်ပြန်ခဲ့ကာ ၎င်း၏တည်နေရာနှင့်ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမဆို ဆက်သွယ်ရန် ဒေသခံများကို တိုက်တွန်းထားသည်။

news-view-count-icon

21