menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ကျားဖြန့်ဂိုဏ်းများ အသုံးပြုသည့် ရဲစခန်းအတုများကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၌တွေ့ရှိ

Jan 24 • 7:15 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

မျှဝေမည်

share-news
cover

ကျားဖြန့်ဂိုဏ်းများ အသုံးပြုသည့် ရဲစခန်းအတုများကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၌တွေ့ရှိ

အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ကျားဖြန့်ဂိုဏ်းများက ဖန်တီး ထားသည့် ရဲစခန်းနှင့် နိုင်ငံတကာ လုံခြုံရေးအေဂျင်စီရုံးခန်းအတုများကိ...

cover-photo

အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ကျားဖြန့်ဂိုဏ်းများက ဖန်တီး ထားသည့် ရဲစခန်းနှင့် နိုင်ငံတကာ လုံခြုံရေးအေဂျင်စီရုံးခန်းအတုများကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၌ တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ နှစ်နိုင်ငံနယ်စပ်ဒေသတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ စီရင်ပြည်နယ်ရှိ ကျားဖြန့်ဆိုက်တစ်ခုကို ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ပြီးခဲ့သည့် ရက်ပိုင်းက စီးနင်းခဲ့ရာ အဆိုပါ ရဲစခန်းအတုများ၊ရုံးခန်းအတုများကို တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း Thai Enquirer ကဖော်ပြသည်။အွန်လိုင်းရာဇဝတ်ဂိုဏ်းများက နိုင်ငံ‌ပေါင်းစုံ ရဲတပ်ဖွဲ့နှင့် တရားဥပဒေစိုးမိုးရေး အေဂျင်စီများအသွင်ရယူ လိမ်လည်နိုင်ရန်ဖန်တီးထားသည့် ရုံးခန်းများ၊အမှတ်တံဆိပ်များပါဝင်သည့် အထောက်အထားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။အွန်လိုင်းလိမ်လည်သူများက နိုင်ငံတကာရှိ ဥပဒေစိုးမိုးရေးအေဂျင်စီများ၏ ပုံရိပ်ကို ပုံတူပွား အသုံးပြုကာ လိမ်လည်မှုများအတွက် အသုံးပြုနေခြင်းဖြစ်နိုင်ကြောင်း ထိုင်းရဲများက သုံးသပ်ထားသည်။ယခုတွေ့ရှိမှုအရ အွန်လိုင်းလိမ်လည်မှုများသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းကွန်ရက်များနှင့် ချိတ် ဆက်ကာ စနစ်တကျ အမိန့်ပေးထိန်းချုပ်မှုစနစ်များဖြင့် ရာဇဝတ်မှုကျူးလွန်နေသည့် အထောက် အထားတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။




news-view-count-icon

12

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ပြည်တွင်း၌ လူကြိုက်များသည့်ဆိုင်ကြီးများ၌ အစားအစာသန့်ရှင်းမှုအားနည်းလာခြင်းအပေါ် စားသုံးသူများအကြား ဝေဖန်မှုမြင့်တက်လာ

မြန်မာ-ထိုင်းနယ်စပ်မဲဆောက်တွင် သတ်ဖြတ်ခံခဲ့ရသူ အွန်လိုင်းဆယ်လီ ဧရာဝတီမ၏ ဈာပနကို ယနေ့နေလယ်တွင်ကျင်းပခဲ့

cover-photo
right-arrow-icon