ပြည်တွင်း၌လူကြိုက်များသည့် ဆိုင်ကြီးများတွင် အစားအစာသန့်ရှင်းမှု အားနည်းလာခြင်းအပေါ် စားသုံးသူများအကြား ဝေဖန်မှုမြင့်တက်လျက်ရှိကြောင်း သိရသည်။ယခုနောက်ပိုင်း စားသုံးသူများကာ လူကြိုက်များသည့် ဆိုင်ကြီးများတွင် အစားအစာများ မှာယူစားသောက်သည့်အခါ ယခင်လိုသန့်ရှင်းမှုပိုင်း အားနည်းသည်ကို မြင်တွေ့လာရပြီး အချို့သော ဟင်းပွဲများတွင် လက်မခံနိုင်သည့် ပိုးကောင်ပါဝင်ခြင်း၊ ဆံပင်ချည်၊ ပလတ်စတစ်၊ ယင်ကောင်နှင့် အခြားမသန့်ရှင်းသည့် အရာ၀တ္ထုများပါဝင်လာကြောင်း၊ ဟင်းချက်ပြုတ်သည့်နေရာများတွင် အစားအစာ ထားသိုမှုပိုင်းများလည်း ယခင်ထက်သန့်ရှင်းမှုပိုမိုအားနည်းလာခြင်းကြောင့် စားသုံးသူများကြားတွင် ကျန်မာရေး အရ စိုးရိမ်မှုများကြုံလာကြကြောင်း သိရသည်။ပြည်တွင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အစားအသောက်မသန့်ရှင်းခြင်းမှာ ဝမ်းပျက်ဝမ်းလျှောနှင့် အစာအဆိပ်သင့်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများကို တိုက်ရိုက်ဖြစ်စေနိုင်သည့်အတွက် ဆိုင်ရှင်များအနေဖြင့် ဆိုင်ရောင်းအားထက် စားသုံးသူ၏ကျန်းမာရေးကို ဦးစားပေးသင့်ကြောင်း အဆိုပါ စားသောက်ဆိုင်ကြီးများကို သက်ဆိုင်ရာမှ ရှောင်တခင် စစ်ဆေးမှုများပြုလုပ်ပေးရန် စားသုံးသူများက လိုလားနေကြောင်း သိရသည်။
ပြည်တွင်း၌ လူကြိုက်များသည့်ဆိုင်ကြီးများ၌ အစားအစာသန့်ရှင်းမှုအားနည်းလာခြင်းအပေါ် စားသုံးသူများအကြား ဝေဖန်မှုမြင့်တက်လာ
Jan 24 • 7:10 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


