လေးနှစ်ကြာနီးပါး ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖြန် ဖြေပေးသည့်အစီအစဉ်တစ်ခုအဖြစ် ရုရှား၊ ယူကရိန်းနှင့် အမေရိကတို့မှ ညှိနှိုင်းရေးမှူးများသည် ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲအဖြစ် သောကြာနေ့က အဘူဒါဘီတွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။အစောပိုင်းတွင် ရေးဆွဲခဲ့သည့် အမေရိက၏ပဋိပက္ခအဆုံးသတ်ရေး အစီအစဉ်သည် ရုရှား၏ ရပ်တည်ချက်နှင့် အလွန်နီးစပ်နေသည်ဟုဆိုကာ ကိယက်ဗ်နှင့် အနောက်ဥရောပတို့၏ အပြင်းအထန် ဝေဖန်ခဲ့သဖြင့် နောက်ပိုင်းအဆိုပြုချက်များတွင် ဥရောပငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ ထားရှိရန် အကြံပြုထားခြင်းကိုရုရှားအစိုးရက ဝေဖန်ခဲ့သည်။သောကြာနေ့ ဆွေးနွေးပွဲမတိုင်မီ ယူကရိန်းသမ္မတ ဗိုလိုဒီမိုင်ယာ ဇလန်းစကီးက နယ်မြေကိစ္စသည် အဓိကပြဿနာဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားဘက်ကမူ ယူကရိန်းအနေဖြင့် အရှေ့ပိုင်းဒွန်ဘတ်စ် ဒေသမှ ဆုတ်ခွာပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကို လက်လျှော့မည်မဟုတ်ကြောင်း ပြောကြားထားသည်။



