မတ်လထဲမှာကျင်းပချီးမြှင့်မယ့် ၉၈ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းကို AMPAS ဘက်က ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။အော်စကာဆိုတာကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Academy of Motion Picture Arts and Sciences (AMPAS) ကနေ နှစ်စဉ်ချီးမြှင့်တဲ့ ဆုဖြစ်ပြီး ရုပ်ရှင်လောကရဲ့ ထူးချွန်တဲ့ ဒါရိုက်တာ၊ သရုပ်ဆောင်၊ နည်းပညာရှင်နဲ့ ဇာတ်ကားတွေကို ဂုဏ်ပြုဖို့ ၁၉၂၉ ခုနှစ်ကတည်းကနေ ယနေ့အချိန်အထိ နှစ်စဉ်ချီးမြှင့်နေလျက်ရှိပါတယ်။






