back

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက ၂၀၂၆ ခုနှစ်မှာ တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ပိုမိုမြင့်မားလာနိုင်တယ်လို့ ခန့်မှန်း

Jan 24 • 4:41 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက ၂၀၂၆ ခုနှစ်မှာ တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ပိုမိုမြင့်မားလာနိုင်တယ်လို့ ခန့်မှန်း

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ၂၀၂၆ ခုနှစ်အတွက် ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကို ခန့်မှန်းရာမှာ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေး...

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ၂၀၂၆ ခုနှစ်အတွက် ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကို ခန့်မှန်းရာမှာ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ပိုမိုမြင့်မားလာနိုင်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနမှ ပညာရှင် ဒေါက်တာ Jurai Wongswasdi က နှစ်သစ်မှာ သတိထားရမယ့် ရောဂါတွေနဲ့ ပတ်သက်ပြီး အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။၂၀၂၆ ရောဂါခန့်မှန်းချက် - COVID-19၊ လက်-ခြေ-ပါးစပ်ရောဂါ၊ ဝက်သက်ရောဂါနဲ့ Melioidosis (မြေကြီးမှတဆင့်ကူးစက်သောရောဂါ) တွေ မြင့်တက်လာနိုင်သလို၊ အထူးသဖြင့် တုပ်ကွေးလူနာ ၁.၂ သန်းကျော်နဲ့ သွေးလွန်တုပ်ကွေးလူနာ ၈ သောင်းကျော်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိဖြစ်ပွားမှုတွေ - ဇန်နဝါရီလ အစောပိုင်းကာလမှာ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ အဆုတ်ရောင်ရောဂါတွေ အဖြစ်အများဆုံး ဖြစ်နေပါတယ်။ စာသင်ကျောင်းတွေနဲ့ လူစုလူဝေးရှိတဲ့ နေရာတွေမှာ ရောဂါကူးစက်မှုတွေ တွေ့နေရပါတယ်။လေထုညစ်ညမ်းမှု (PM2.5) - အောက်တိုဘာလကနေ မေလအထိ PM2.5 မြင့်တက်လေ့ရှိတာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပြင်ထွက်ရင် Mask တပ်ဆင်ဖို့ အကြံပြုထားပါတယ်။ပွဲတော်ကာလ သတိပေးချက် - တရုတ်နှစ်သစ်ကူးကာလမှာ အစားအစာတွေကို ကျက်အောင်ချက်ပြုတ်စားသောက်ဖို့နဲ့ လာမယ့် ချစ်သူများနေ့မှာတော့ လိ-င်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ (ဆစ်ဖလစ်၊ ဂနို) ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

news-view-count-icon

22