ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် ခေါင်းနောက်ကျိနေတတ်ခြင်း၊ ခေါင်းကိုက်မှု၊ အနံ့ခံအာရုံနှင့် အရသာအာရုံ ပျောက်ဆုံးမှုများကို ရေရှည်ဆက်၍ ခံစားနေရသူများ ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။
အမေရိကန်သုတေသနပညာရှင်များဟာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် ရောဂါလက္ခဏာများ ရေရှည်ဆက်လက်ခံစားနေရကြရသူ ၂၂၅ ဦး၏ သွေးနမူနာများကို ရယူလေ့လာခဲ့ကြပြီး လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ အဆိုပါ သွေးနမူနာများထဲတွင် Tacs ခေါ် ပရိုတင်းတစ်မျိုးပါဝင်မှု အဆင့်မြင့်မားနေတာကို တွေ့ရကြောင်းလည်း ပညာရှင်များက ဆိုထားပါတယ်။အဆိုပါ ပရိုတင်းများဟာ အယ်ဇိုင်းမားရောဂါနှင့် အခြား Dementia ရောဂါပုံစံများနှင့် ဆက်စပ်နေသည့် ပရိုတင်းများဖြစ်ပြီး အထက်ပါတွေ့ရှိချက်အရ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ရေရှည်ဆက်လက်ခံစားနေရမှုများဟာ Dementia ရောဂါများဖြစ်ပွားနိုင်ခြေများလာနိုင်မှုနှင့် ဆက်စပ်နေနိုင်တယ်လို့လည်း ပညာရှင်များက ပြောကြားထားပါတယ်။



