ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)ကို အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီမှဦးဆောင်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်တွင် ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။
ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။



