back

လာမည့် ဘဏ္ဍာနှစ်အတွက် နေပြည်တော်အခွန်ဌာနရှိ အရပ်ရပ်အခွင့်အရေးလိုင်စင် (၃၃) ခု၏ လုပ်ပိုင်ခွင့်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်

Jan 24 • 4:30 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

လာမည့် ဘဏ္ဍာနှစ်အတွက် နေပြည်တော်အခွန်ဌာနရှိ အရပ်ရပ်အခွင့်အရေးလိုင်စင် (၃၃) ခု၏ လုပ်ပိုင်ခွင့်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်

လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော် အခွန်ဌာနရှိ အရပ်ရပ်အခွင့်အရေးလိုင်စင် (၃၃) ခု၏ လုပ်ပိုင်ခွင့်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြော...

လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော် အခွန်ဌာနရှိ အရပ်ရပ်အခွင့်အရေးလိုင်စင် (၃၃) ခု၏ လုပ်ပိုင်ခွင့်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရပါတယ်။အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင် (၃၃) ခုမှာ နေပြည်တော်ဝင်ကြေး ဘီးကောက်လိုင်စင်(၄)ခု၊ တန်ပိုကြေး ကောက်ခံခွင့်လိုင်စင်(၁)ခု၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း ယာဉ်ဝင်ကြေးနှင့် သန့်စင်ခန်း၊ ရေချိုးခန်းဝင်ကြေး ကောက်ခံခွင့်လိုင်စင် (၁)ခု၊ မြို့နယ် ၈ မြို့နယ်၏ ပုဂ္ဂလိက အပေါင်ဆိုင်လိုင်စင် (၂၇)ခုတို့ဖြစ်ကြောင်းလည်း သိပါတယ်။အဆိုပါလိုင်စင်များ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချခြင်းကို လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ထို့ကြောင့် စိတ်ပါဝင်စားသူများနေဖြင့် လျှောက်လွှာများကို လာမည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး လေလံလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါကလည်း ရုံးချိန်အတွင်း အခွန်ဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လေလံတင်ရောင်းချရေးအဖွဲ့မှ သိရပါတယ်။

news-view-count-icon

26