ရေငန်ပုစွန် (ကျားပုစွန်)နှင့် ရေချိုပုစွန်တုပ်ကြီး သားပေါက်ခြင်းလုပ်ငန်း၌ ရောဂါကျရောက်မှုများကြောင့် ဆုံးရှုံးနစ်နာမှုများ၊ ပြည်တွင်း၌ သားပေါက်ထုတ်လုပ်နိုင်မှုနည်းပါးလျက်ရှိသဖြင့် သားပေါက်ရှင်သန်မှုကောင်းမွန်စေရန် အစိုးရနှင့် ပုဂ္ဂလိက ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် “ရေချိုပုစွန်သားဖောက်မွေးမြူရာတွင် ဇီဝလုံခြုံရေးအစီအမံများကို အကောင်အထည်ဖော်ခြင်းဖြင့် ရေချိုပုစွန်ထုတ်လုပ်မှုတိုးမြှင့်ခြင်း” စီမံကိန်းစတင်ခြင်းနှင့် ပုစွန်မွေးမြူသည့်အဖွဲ့အစည်းများ၊ ဆက်စပ်လုပ်ငန်းဌာနများပူးပေါင်းဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ အထက်ပါတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။



