Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-14) အဖြစ် သုဝဏ္ဏကွင်း၌ ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ဒဂုံစတားယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းပွဲစဉ်၏ AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရှမ်းယူနိုက်တက်ကွင်းလယ်လူ ဟီရိုတာရူဂျီက ရရှိခဲ့သည်။ AYA Pay အကောင်းဆုံးကစားသမားဆုအတွက် ဆုတံဆိပ်နှင့် ဆုငွေကျပ်သုံးသိန်းကို အာရှလက်ရွေးစင်၊ ရွှေခေတ်မြန်မာ့လက်ရွေးစင်ဟောင်း
ဦးတင်အောင်(ဂိုး) မှ ချီးမြှင့်ပေးခဲ့သည်။



