back

အမရပူရနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်းကျော် ဖမ်းဆီးရမိ

Jan 23 • 4:05 PM

breaking-news

မြန်မာ

မန္တလေး

cover

အမရပူရနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်းကျော် ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် အမရပူရမြို့နယ်၊ မြစ်ငယ်မြို့အနီးတွင် ရဲရင့်အောင်(ခ)အားချစ် မောင်းနှ...

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် အမရပူရမြို့နယ်၊ မြစ်ငယ်မြို့အနီးတွင် ရဲရင့်အောင်(ခ)အားချစ် မောင်းနှင်လာသော MITSUBISHI CANTER ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၆ သိန်း ဖမ်းဆီးရမိပြီး ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၉ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ပြည့်ဖြိုးကျော် နှင့် သက်ထွန်းဇော်(ခ)စော်ကဲ တို့ ၂ ဦးအား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်၊ ၆၂ လမ်းနှင့် ၁၄၁ လမ်းထောင့်တွင် TOYOTA CROWN ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိပြီး ပြည့်ဖြိုးကျော် နေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၈ သိန်းအား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၄ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၄ ဒသမ ၅၆ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူများမှာ တောင်ကြီးမြို့နယ်နေ စိုင်းဇော်လတ်(ဖမ်းဆီးရန်ကျန်)နှင့် မိတ္ထီလာမြို့နယ်နေ ဝေယံစိုး(ခ)မောင်ရှမ်း (ဖမ်းဆီးရန်ကျန်)တို့၏ အစီအမံဖြင့် ရမည်းသင်းမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။


news-view-count-icon

15