back

ရွှေညောင်တွင် ဆေးပစ္စည်းပြတ်လပ်မှုကို အခွင့်ကောင်းယူ၍ စျေးတင်ရောင်းချမှုများ ရှိနေ

Jan 23 • 2:51 PM

breaking-news

မြန်မာ

ရှမ်း

cover

ရွှေညောင်တွင် ဆေးပစ္စည်းပြတ်လပ်မှုကို အခွင့်ကောင်းယူ၍ စျေးတင်ရောင်းချမှုများ ရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ရွှေညောင်မြို့တွင် ကုန်ပစ္စည်းပြတ်လပ်မှုကြောင့် ဆေးဝါးပြတ်လပ်သည်ကို အခွင့်ကောင်းယူ၍ စျေး မတန်တဆ တင်ရောင်းနေကြောင်း ဝယ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ရွှေညောင်မြို့တွင် ကုန်ပစ္စည်းပြတ်လပ်မှုကြောင့် ဆေးဝါးပြတ်လပ်သည်ကို အခွင့်ကောင်းယူ၍ စျေး မတန်တဆ တင်ရောင်းနေကြောင်း ဝယ်ယူသူ တစ်ဦး ပြောပြချက် အရသိရသည်။ ရွှေညောင်တွင် ဝယ်ယူနေကျ ဆိုင်တွင်ပစ္စည်း မရှိသဖြင့် တခြားဆိုင်တွင် မေးမြန်းကြည့်ရာ BIOPLACENTON ဆေးတစ်ဘူးလျှင် တစ်သောင်းကျပ် ဖြင့် ရောင်းချနေကြောင်း ၊ မူလ စျေးနှုန်း ၆၅၀၀ ကျပ် ခန့်သာ ရှိကြောင်း ဝယ်ယူသူက ဆိုသည်။အလားတူ တောင်ကြီးမြို့ တွင်လည်း ဆေးဝါး ပစ္စည်း ပြတ်လပ်မှု ရှိပြီး ၊ တချို့ တန်ဖိုးကြီး ဆေးဝါးများဝယ်ယူ မရနိုင်အောင် ဖြစ်နေကြောင်း ၊ ပစ္စည်း သယ်ဆောင်ရ ခက်ခဲသဖြင့် စျေးနှုန်းလည်း တက်နေခြင်း ရှိကြောင်း သိရသည်။



news-view-count-icon

20