လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်၊ လုံးချင်း အရောင်းအဝယ်နဲ့ အငှား ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက သိရှိရပါတယ်။ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုနဲ့ ရွှေဈေးနှုန်း အဆမတန် မြင့်တက်နေမှုတွေကြောင့် ငွေကိုင်ထားသူတွေဟာ အိမ်ခြံမြေဘက်ကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတဲ့အတွက် အဝယ်လိုက်နေပြီး ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ပေ ၂၀၆၀ တကွက်ကို ကျပ် သိန်း ၄၅၀၀ ကနေ သိန်း တသောင်းသုံးထောင့် ငါးရာအထိ ရှိနေပြီး ပေ ၄၀၆၀ တကွက်ကို ကျပ်သိန်း ၇၈၀၀ ကနေ သိန်း တသောင်းနှစ်ထောင်ဝန်းကျင် ရှိနေတယ်လို့ သူက ပြောပါတယ်။ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာတော့ ပေ ၂၀၆၀ တကွက်ကို သိန်း ၅၀၀၀ မှ သိန်း တသောင်းအထိ ပေါက်ဈေးရှိနေပြီး ပေ ၄၀၆၀ တကွက် ဆိုရင်တော့ ငွေကျပ် သိန်း တသောင်းအထက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာတော့ ပေ ၂၀၆၀ ကို ကျပ်သိန်း ၆၇၀ ကနေ ၁၂၀၀ ဝန်းကျင်ဈေး ရှိနေသလို ပေ ၄၀၆၀ ကို ကျပ်သိန်း ၂၇၅၀ ၊ ၃၀၀၀ ၊ ၅၅၀၀ ၊ ၇၀၀၀ ကနေ တသောင်း နှစ်ထောင်ဝန်းကျင်ဈေးအထိ ရှိနေတယ်လို့ သိရပါတယ်။ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှာတော့ ပေ ၂၀၆၀ ကို ကျပ်သိန်း ၅၅၀ ၊ ၆၅၀၊ ၁၂၀၀ ဝန်းကျင်၊ ပေ ၃၀၆၀ ကို ကျပ်သိန်း ၁၀၀၀ ဝန်းကျင်၊ ပေ ၃၉၆၀ ကျပ်သိန်း ၃၅၀၀ ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။



