back

အထွက်နှုန်းကျလို့ ကွမ်းဈေးတက် ကွမ်းတစ်ယာ ၂၀၀ ကျပ်အထိဖြစ်လာ

Jan 23 • 2:45 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အထွက်နှုန်းကျလို့ ကွမ်းဈေးတက် ကွမ်းတစ်ယာ ၂၀၀ ကျပ်အထိဖြစ်လာ

ယခုနှစ်တွင် ကွမ်းရွက်အထွက်နှုန်းကျဆင်းခဲ့ခြင်းကြောင့် ကွမ်းဈေးအတက်ကြမ်းနေပြီး ကွမ်းတစ်ယာလျှင် ၂၀၀ ကျပ်ဈေးဖြင့် ရောင်းချနေရကြောင်း မန္တလေးအခြေစိုက် ကွမ်းရွက်ဒိုင...

ယခုနှစ်တွင် ကွမ်းရွက်အထွက်နှုန်းကျဆင်းခဲ့ခြင်းကြောင့် ကွမ်းဈေးအတက်ကြမ်းနေပြီး ကွမ်းတစ်ယာလျှင် ၂၀၀ ကျပ်ဈေးဖြင့် ရောင်းချနေရကြောင်း မန္တလေးအခြေစိုက် ကွမ်းရွက်ဒိုင်နှင့်ကွမ်းယာဆိုင်များမှ သိရသည်။ယမန်နှစ်ကုန်ပိုင်းကထက် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ နီးပါးအထိ ဈေးထိုးတက်နေခြင်းဖြစ်ပြီး တက်ဈေးမိထားသည့် ကွမ်းယာဆိုင်များအနေဖြင့် ၁၀၀၀ ကျပ်ဖိုး၀ယ်ပါက ငါးယာခန့်သာ ရောင်းပေးနိုင်တော့ကြောင်း ၎င်းတို့က ဆိုသည်။ကွမ်းရွက်ဈေးသည် ၂၀၂၄ ခုနှစ်က တစ်ပိဿာလျှင် ကျပ် ၅၀,၀၀၀ ခန့်အထိ စံချိန်တင်ဈေးဖြစ်ခဲ့ဖူးကြောင်း သိရသည်။



news-view-count-icon

28