back

ကျောက်ဖြူတွင် စစ်ဘေးရှောင် ရာနှင့်ချီ အရေပြားရောဂါ ကူးစက်ခံစားနေရ

Jan 23 • 2:46 PM

breaking-news

မြန်မာ

ရခိုင်

cover

ကျောက်ဖြူတွင် စစ်ဘေးရှောင် ရာနှင့်ချီ အရေပြားရောဂါ ကူးစက်ခံစားနေရ

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် တိုက်ပွဲပြင်းထန်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ဘေးရှောင်ပြည်သူ ၃ သောင်း...

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် တိုက်ပွဲပြင်းထန်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်အနက် ကလေးငယ်များ အပါအဝင် လူကြီးလူငယ် ရာနှင့်ချီမှာ အရေပြားရောဂါများ ကူးစက်ခံစားနေရကြောင်း ဒေသခံ စစ်ဘေးရှောင်ကူညီပံ့ပိုးနေသူများက ပြောသည်။စစ်ဘေးရှောင်များမှာ တရားဝင် ဒုက္ခသည်စခန်းများ မရှိသဖြင့် ဆွေမျိုးအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် အလွန်ကျဉ်းကျပ်စွာ စုပြုံနေထိုင်နေရပြီး သောက်သုံးရေ မသန့်ရှင်းမှုနှင့် ပတ်ဝန်းကျင် မသန့်ရှင်းခြင်းတို့ကြောင့် အရေပြားရောဂါများ အလျင်အမြန် ပြန့်ပွားလာကြောင်း ကူညီပံ့ပိုးနေသူများက ဆိုသည်။စစ်ဘေးရှောင် မိခင်တစ်ဦးကလည်း ကလေးငယ်များမှာ အရေပြားယားယံမှုကြောင့် နေ့ညမရွေး ဒုက္ခရောက်နေကြကြောင်း ပြောသည်။နောက်ထပ် စစ်ဘေးရှောင် မိခင်တစ်ဦးကလည်း ကလေးငယ်များ၏ အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း ပြောသည်။



news-view-count-icon

37