back

မန္တလေးတွင် (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကျင်းပမည်

Jan 23 • 2:44 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတွင် (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကျင်းပမည်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှကြီးမှူးကျင်းပသည့် (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကိုမန္တလေးမြို့၊ချမ်း...

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှကြီးမှူးကျင်းပသည့် (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလား

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကိုမန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းရှိ မြမာလာဥယျာဉ် အတွင်း၌ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့ထိ စည်ကား သိုက်မြိုက်စွာ

ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်လုပ်ငန်းရှင်များအနေဖြင့် လာရောက်ယှဉ်ပြိုင်နိုင်ကြောင်းသိရသည်။ယခုနှစ် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့်အတူမြမာလာဥယျာဉ် အတွင်း၌ မြို့တော်သူမြို့တော်သားများ လာရောက်အပန်းဖြေနိုင်ရန် သစ်သီး၊

ဝလံ၊ ပန်းမန် ကိုယ်စားပြုပုံဖော်ထားသည့် အလှဆင်ပန်းဝိုင်းကြီး(၃)ခုကို ပြုလုပ်ထားပြီး အလှ

ဓာတ်ပုံရိုက်ကူးရန်နေရာများကိုလည်း ပြင်ဆင်ပေးထားကြောင်းနှင့် ဌာနဆိုင်ရာ ပြခန်း (၁၆)ခန်း၊

အရောင်းပြခန်း (၇)ခန်း၊ ပျိုးပင်အရောင်းဆိုင် (၁၈)ဆိုင်တို့ ပါဝင်ခင်းကျင်းပြသသွားပြီး ပွဲတော်

ကာလအတွင်း လာရောက်လေ့လာလည်ပတ်သည့် မိဘပြည်သူများကို ပျိုးပင်များလက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနမှ သိရသည်။

ယခုနှစ်ပြိုင်ပွဲတွင် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြိုင်ပွဲ အမျိုးအစား (၂၄)မျိုးကိုကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားလိုက် ပထမဆု ငွေကျပ်၃၀၀၀၀၀၊ ဒုတိယဆု ငွေကျပ်၂၀၀၀၀၀၊ တတိယဆု ငွေကျပ်၁၅၀၀၀၀၊ နှစ်သိမ့်ဆု ငွေကျပ်၅၀၀၀၀ စီချီးမြှင့်မည်ဖြစ်ပြီး

ဆုအများဆုံးရရှိသည့် ပြိုင်ပွဲဝင်ကို တံခွန်စိုက်ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်

များအနေဖြင့် (၁၀-၂-၂၀၂၆) မှ (၁၁-၂-၂၀၂၆) ရက်နေ့အထိ နံနက် (၉း၀၀) မှ ညနေ (၅း၀၀)

အတွင်း ပြိုင်ပွဲဝင်ပစ္စည်းများကို မြမာလာဥယျာဉ်အတွင်းရှိ ကွပ်ကဲရေးရုံးသို့ ပေးပို့ရမည်ဖြစ်ပြီး

အသေးစိတ်သိရှိလိုပါက ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန ဖုန်း ၀၉-၂၀၁၉၃၉၅ သို့ဆက်သွယ်

နိုင်ကြောင်းသိရသည်။


news-view-count-icon

36