မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၂၂) တွင် အိမ်ရှေ့ ထိုင်နေစဉ် အမည်မသိအမျိုးသား တစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး တစ်ကျပ်သားရှိဆွဲကြိုးအား လုယက်သွားမှုဖြစ်ပွားခဲ့ပြီး အင်ဂျန်ဒုံ ရပ်ကွက်တွင်လည်း နေအိမ်ဖောက်ထွင်းခံခဲ့ရ၍ ဆိုင်ကယ် အသစ်တစ်စီးခိုးခံခဲ့ကြောင်း ပိုင်ရှင်များပြောဆိုမှု အရ သိရသည်။ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်အတွင်းက လူနေအိမ်တစ်ခုမှာလည်း ယမန်နေ့ နံနက် လေးနာရီ အချိန်ခန့်တွင်နေအိမ်ခြံဝန်းသော့အား ဖျက်စီးကာ ခြံဝန်းအတွင်းရှိ ဆိုင်ကယ်ဇာတ်သော့ခတ်၊ အသံမည်စနစ်ပါသော့ များခတ်ထားသော်လည်း အမည်မသိ အမျိုးသားလေးဦးမှ ဓါးရှည်များကိုင်ဆောင်ပြီး နေအိမ်ခြံဝင်သော့အား ဖျက်ဆီး၍ ဆိုင်ကယ်အသစ်တစ်စီး ခိုးယူသွားကြောင်းဆိုင်ကယ်ပိုင်ရှင်မှ ၎င်း၏ လူမှု ကွန်ယက် ပေါ် တွင် ရုပ်သံဖိုင်ဖြင့် ပြောထားကြောင်း သိရသည်။မြစ်ကြီးနားမြို့ပေါ် ရှိ ရပ်ကွက်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ များပြားလာခြင်းနှင့်အတူ တရား မဝင်လောင်းကစားရုံများ ဖွင့်လှစ်ခြင်းတို့ကြောင့် ခိုးဆိုးလုယက်အုပ်စုဖွဲ့ လူသတ်၊ ဓါးပြတိုက်၊ မုဒိမ်းမှုများဖြစ် ပွားလာရခြင်း ဖြစ်နိုင်ကြောင်း မြစ်ကြီးနားမြို့ခံများက သုံးသပ်ပြောဆိုကြသည်။



