Li Auto သည် တရုတ်နိုင်ငံရှိ ခရီးတာတိုးမြှင့် အီးဗီ extended-range electric vehicle EREV ကဏ္ဍတွင် ဦးဆောင်သူ ဖြစ်ခဲ့ရာမှ ပြိုင်ဘက် ကားလုပ်ငန်းများက ဈေးကွက်ဝေစု ရယူခဲ့ကြသည်။ ယခုနှစ် ၂၀၂၆ တွင် EREV ကဏ္ဍတွင် ဦးဆောင်သူနေရာကို ပြန်လည်ရယူရန် မဟာဗျူဟာ ချမှတ်ထားသည်။ ကုမ္ပဏီအနေဖြင့် ရောင်းအား ကြီးထွားရန် အသေချာဆုံး ကဏ္ဍအဖြစ် EREV ကဏ္ဍကို သတ်မှတ်ထားသည်။ ၂၀၂၆ ခုနှစ်တွင် Li L9 SUV EREV ကို အဆင့်မြှင့်တင်ရန် ပထမဆုံး အာရုံစိုက်မည်။ ပိုကြီးမားသော ဘက်ထရီထုပ်ကို အသုံးပြုမည်။ ထို့ပြင် ၎င်း၏ကိုယ်ပိုင်တီထွင်ထားသော M100 ချစ်ပ်ကို တပ်ဆင်မည်။ Li Auto သည် ၂၀၂၆ တွင် ရောင်းအား ကြီးထွားမှု ၄၀% ရရန် ရည်မှန်းသည်။



