back

ထိုင်းနိုင်ငံ၌ ဘတ်စာရင်းတင်ရာတွင် လိမ်လည်ခံရသည့်မြန်မာအလုပ်သမားများကို TMIA အဖွဲ့ ကူညီပေးမည်

Jan 23 • 12:56 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ ဘတ်စာရင်းတင်ရာတွင် လိမ်လည်ခံရသည့်မြန်မာအလုပ်သမားများကို TMIA အဖွဲ့ ကူညီပေးမည်

ထိုင်းတွင် တရားဝင် အလုပ်သမားဘတ်(Work Permit) စာရင်းတင်ရာတွင် လိမ်လည်ခံရသည့် မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်း-မြန်မာ စကားပြန်၊ ဘာသာပြ...

ထိုင်းတွင် တရားဝင် အလုပ်သမားဘတ်(Work Permit) စာရင်းတင်ရာတွင် လိမ်လည်ခံရသည့် မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်း-မြန်မာ စကားပြန်၊ ဘာသာပြန်များအသင်း -TMIA (Thai-Myanmar Interpreter Translator Association ) အဖွဲ့မှသိရသည်။ အလုပ်သမားဘတ်(Work Permit)ပြုလုပ်ပေးမည်ဟုဆိုကာအခကြေးငွေရယူ၍ဆောင်ရွက်ပေးနေ သောအကျိုးဆောင်အချို့နှင့် ကုမ္ပဏီအချို့သည် လိမ်လည်တိမ်းရှောင်သွားသည့်အတွက် မြန်မာအလုပ်သမားများ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ နစ်နာခဲ့သူများသည် ငွေကြေးများပေးသွင်းထားပြီးဖြစ်သော်လည်းလိုအပ်သော စာရွက်စာတမ်းများမရရှိခြင်း၊ လက်ရှိအချိန်တွင် ပြုလုပ်ရသည့် လက်ဗွေနှိပ်ခြင်းနှင့် သွေးစစ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ တာဝန်ရှိသူများကိုလည်းဆက်သွယ်၍မရတော့သည့်အတွက်များစွာ စိုးရိမ်ပူပန်နေကြရကြောင်းTMIA အဖွဲ့က ထုတ်ပြန်သည်။



news-view-count-icon

15