AI အသိဉာဏ်ရည်တု နည်းပညာနဲ့ ပတ်သက်ပြီး ထိန်းကျောင်းမဲ့ ဥပဒေတရပ်ကို တောင်ကိုရီးယားနိုင်ငံက ပထမဆုံး စတင်ကျင့်သုံးနေပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၂ ရက်ကစပြီး အပြည့်အဝ အသက်ဝင်လာတဲ့ AI ဥပဒေထဲမှာ ကျယ်ပြန့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထည့်သွင်းထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားဟာ Samsung နဲ့ SK Hynix လိုမျိုး ထိပ်တန်း ချစ်ပ်ကုမ္ပဏီကြီးတွေ အခြေစိုက်ရာ ဖြစ်တဲ့အလျောက် AI နယ်ပယ်မှာ အမေရိကန်နဲ့ တရုတ်ပြီးရင် အင်အားကြီးနိုင်ငံတခု ဖြစ်လာဖို့အထိ ရည်မှန်းထားတာပါ။



