ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်တင်ပို့မည့် ပြောင်းတင်ပို့သူများ မီးရှို့ခြင်းကင်းရှင်းကြောင်း ထောက်ခံချက်ပြရမည်ဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံကို တိရစ္ဆာန်အစာ ပြောင်း တင်ပို့သူတွေအနေဖြင့် မီးရှို့ခြင်းကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ်တင်ပြ ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရ အဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြောသည်။ (၂၀၂၆) ခုနှစ် ဇန်နဝါရီ (၁) ရက်မှ စတင်အသက်ဝင်သည့် တိရစ္ဆာန်အစာ၊ ပြောင်းနှင့် ဂျုံ တင်သွင်းမှုဆိုင်ရာ စည်းမျဉ်း လေးခုကို ထိုင်းအစိုးရ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိသည့် နိုင်ငံခြား ကုန်သွယ်ရေးဌာနက ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ တိရစ္ဆာန်အစာအတွက် အသုံးပြုရန် တင်သွင်းလာသည့် ပြောင်းဖူးများကို စိုက်ပျိုးစဉ် ကာလအတွင်း မီးရှို့ခြင်းမပြုသည့် ထုတ်လုပ်မှုဧရိယာများ သို့မဟုတ် လယ်ယာလုပ်ငန်းခွင်များကနေ တင်သွင်းရန် လိုအပ်ကြောင်းသိရသည်။



