(OWIC)ကတ် လျှောက်ထားရာတွင် ထည့်ပေးရသည့် ပြည်ပလုပ်ငန်းရှင်၏ ဖုန်းနံပါတ်ကို ဆက်သွယ်မရပါက လျှောက်ထားလာသည့် လုပ်သားများ၏ (OWIC)ကတ် ပြုလုပ်ခွင့်မပေးကြောင်း Safe Migration Telegramတွင် ယမာန်နေ့က ထပ်မံထုတ်ပြန်သည်။ပြည်ပမှ ပြန်လာသည့် ခွင့်ပြန်လုပ်သားနှင့် ကျွမ်းကျင်လုပ်သားများအတွက် OWICကတ် လျှောက်ရာတွင် လုပ်ငန်းရှင်၏ ဖုန်းနံပါတ်၊ Emailလိပ်စာကိုပါ ထည့်သွင်းရမည်ဖြစ်ကြောင်း ဇန်နဝါရီ(၁၅)ရက်တွင် ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေနှင့် အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်တွင်းရှိလူငယ်များ ပြည်ပနိုင်ငံသို့ တရားဝင်နည်းလမ်းဖြစ်စေ၊ တရားမဝင်ဖြစ်စေ နေ့စဥ်သွားရောက်နေကြောင်း သိရသည်။



