ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင် သူခိုးများအုပ်စုဖွဲ့ပြီး နေအိမ်တွင်း ပစ္စည်းခိုးယူမှု၊ ကားခိုးယူမှု ပိုဆိုးလာသော်လည်း သက်ဆိုင်ရာများက အရေးယူ ဖမ်းဆီးနိုင်မှု မရှိကြောင်း ဒေသခံထံမှ သိရသည်။ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်ခံရမှု မကြာ ခဏရှိနေပြီး ဒေသခံများသွားလာရာတွင် စိုးရိမ်မှုရှိပြီး တာဝန်ရှိသူများဖြေရှင်းပေးရန် တောင်းဆိုလိုကြောင်း ဒေသခံက ဆိုသည်။



