ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ဂျင်းစိုက်တောင်သူများ တူးထားသည့် ဂျင်းများကို ခြံထဲတွင်သာပုံထားခဲ့ရ၍ အခိုးခံရကြောင်း ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။ပင်လောင်းမြို့နယ် တွင် စိုက်ပျိုးတောင်သူများ စိုက်ပျိုးထားသည့် ဂျင်း၊အာလူး၊ထောပတ်သီး၊သစ်တော်သီး၊ကြက်သွန်ဖြူများလည်း မကြာခဏ အခိုးခံနေရကြောင်း သိရသည်။သွင်းအားစုနှင့် ကုန်စည်အမျိုးမျိုး အဆမတန်စျေးတက်ခြင်းကြောင့် ဂျင်း ၂၅၀၀ ၊၃၀၀၀ ကျပ်ရှိနေသော်လည်း တွက်ခြေမကိုက်သေးကြောင်း ဂျင်းစိုက်တောင်သူထံမှ သိရသည်။လက်ရှိ စျေးကွက်အတွင်း ဂျင်းပေါက်စျေးသည် ဂျင်းဥမအခက်ကြီး ၁ ပိဿာ ၂၁၀၀ မှ ၂၅၀၀ အထိရရှိနေပြီး ဥမအခက် အလတ် ၁ ပိဿာကို ၁၃၀၀ ကျပ် ပေါက်စျေးရှိကြောင်း ဂျင်းစိုက်တောင် သူထံမှ သိရသည်။



