(၂၀၂၅-၂၀၂၆)ပညာသင်နှစ်မှာ မြို့နယ်တွေရှိ KG ကျောင်းသား၊ ကျောင်းသူ(၅)သိန်းခန့်ကို ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း(၈)ကြိမ် ဆောင်ရွက်နိုင်ဖို့အတွက် ရန်ပုံငွေ ကျပ်(၅ ဒသမ ၇၈)ဘီလီယံ ခွဲဝေချထားတယ် လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ကျောင်းတွင်းအာဟာရကျွေးမွေးတာကို ကျောင်းသား၊ ကျောင်းသူအရွယ်ကစတင်ကာ နိုင်ငံသားတိုင်း ကျန်းမာ ကြံ့ခိုင်၊ အာဟာရပြည့်ဝပြီး နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့နဲ့ ကျောင်းသား လူငယ်တွေကတစ်ဆင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံတွေကို ပြည်သူလူထုအတွင်း ရောက်ရှိစေဖို့ ရည်ရွယ်ပြီး အခုလို လုပ်ဆောင်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ 
Jan 23 • 3:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


