back

မြန်မာ့ရွှေဈေး ကျပ်သိန်း ၁၀၀အထက် ဆက်တက်နေ

Jan 23 • 3:53 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ရွှေဈေး ကျပ်သိန်း ၁၀၀အထက် ဆက်တက်နေ

ကမ္ဘာ့ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ဒီကနေ့(ဇန်နဝါရီ ၂၃ ရက်)...

ကမ္ဘာ့ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ဒီကနေ့(ဇန်နဝါရီ ၂၃ ရက်)စံချိန်တင် ကမ္ဘာ့ရွှေစျေးမှာ တအောင်စ ၄,၉၅၅ ဒေါ်လာဖြစ်ပြီ မြန်မာ့ရွှေစျေးလည်း ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၁၀၀ နဲ့ နှစ်သိန်း ရှိတယ်လို့ ဆိုပါတယ်။လက်ရှိ ရွှေပေါက်စျေးကြောင့် ရွှေဆိုင်တွေနဲ့ ပြင်ပ ရွှေစျေးကွက်မှာ အရောင်းပိတ်တာ ဒါမှမဟုတ် အွန်လိုင်းငွေချေစနစ်ကို လက်မခံတာ တွေ ရှိနေတယ်လို့ သိရပါတယ်။ မြန်မာ့ရွှေစျေးကို အဆမတန် ခုန်တက်စေတဲ့ အဓိကလက်သည်ထဲမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေတာ(ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း )နဲ့ စံချိန်တင်ကမ္ဘာ့ရွှေစျေးကြောင့်လို့ အသိပေးပါတယ်။

news-view-count-icon

60