တရုတ်နိုင်ငံသည် နိုင်ငံ၏ အချို့ဒေသများတွင် မိုးခေါင်ရေရှားမှု၊ ရေကြီးမှုနှင့် မိုးရွာသွန်းမှု ကြာရှည်နေသော်လည်း လွန်ခဲ့သည့်နှစ်က ကောက်ပဲသီးနှံများ ထပ်မံထွက်ရှိခဲ့ပြီး ထုတ်လုပ်မှု စံချိန်သစ်တင်ခဲ့ကြောင်း တရားဝင်အချက်အလက်များက ဇန်နဝါရီ ၂၂ ရက်၌ ဖော်ပြခဲ့သည်။၂၀၂၅ ခုနှစ်တွင် ကောက်ပဲသီးနှံထုတ်လုပ်မှုမှာ တန်ချိန် ၇၁၄.၉ သန်းခန့်အထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် တန်ချိန် ၈.၄ သန်း တိုးလာခဲ့ကြောင်း စိုက်ပျိုးရေးနှင့် တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံထုတ်လုပ်မှုမှာ နှစ်နှစ်ဆက်တိုက် တန်ချိန် ၇၀၀ သန်းအထက်တွင် ရှိနေခဲ့ကြောင်း သိရသည်။
Jan 23 • 3:55 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


