back

Douglas Luiz ကို အငှားနဲ့ခေါ်ယူဖို့ ချဲလ်ဆီး ကြိုးစားနေ

Jan 23 • 3:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

Douglas Luiz ကို အငှားနဲ့ခေါ်ယူဖို့ ချဲလ်ဆီး ကြိုးစားနေ

ချဲလ်ဆီးအသင်းဟာ ဘရာဇီးကွင်းလယ်ကစားသမား Douglas Luiz အတွက် မိခင်ကလပ် ယူဗန်းတပ်စ်အသင်းနဲ့တရားဝင်ဆွေးနွေးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်းသိရပါတယ်။ချဲလ်ဆီးအသင်းဟာ L...

ချဲလ်ဆီးအသင်းဟာ ဘရာဇီးကွင်းလယ်ကစားသမား Douglas Luiz အတွက် မိခင်ကလပ် ယူဗန်းတပ်စ်အသင်းနဲ့တရားဝင်ဆွေးနွေးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်းသိရပါတယ်။ချဲလ်ဆီးအသင်းဟာ Luiz ကို 6-လအငှားနဲ့ခေါ်ယူသွားမှာဖြစ်ပြီး Enzo Fernandez၊ Moises Caicedo တို့ရဲ့ အရံအဖြစ်ခေါ်ယူဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ဘရာဇီးကွင်းလယ်ကစားသမား Douglas Luis မှာ ပရီးမီးယားလိဂ်ပွဲစဥ်ပေါင်း ရာကျော်ကစားထားသူဖြစ်ပြီး ချဲလ်ဆီးအသင်းနည်းပြ Liam Rosenior အတွက် အရေးကြီးတဲ့ လက်ကျန် ၄ လမှာ ထိရောက်တဲ့ ခေါ်ယူမှုဖြစ်လာဖို့ တာဝန်ရှိသူတွေက ရည်ရွယ်ထားတာဖြစ်ပါတယ်။

news-view-count-icon

17