ဘန်ကောက် Sukhumvit Soi 4, Nana BTS Station နားက Omni Complex ဟိုတယ်မှာ ဟိုတယ်တည်းဖို့လာသူတွေအနေနဲ့ မိမိရဲ့ ပါတနာ၊ ရည်စား (သို့) အပျော်ရှာသူက လေဒီဘွိုင်းဖြစ်တယ်ဆို ဖြစ်ကြောင်း ဖြည့်ခိုင်းလို့ ဝေဖန်မှုတွေ မြင်တက်နေပါတယ်။ ဒီဖောင်ကို Just Mike ဆိုတဲ့ ဖေ့ဘုတ်အကောင့်က တင်ထားတာဖြစ်ပြီး သူတို့ ရည်ရွယ်ချက်ကတော့ ဟိုတယ်ထဲ လေဒီဘွိုင်းခေါ်လာတဲ့အခါ သိနိုင်ဖို့ ဟိုတယ်ရဲ့ လုံခြုံရေးဆောင်ရွက်ချက်ပါ။အခုလို ဖြည့်ခြင်းအားဖြင့် ဧည့်သည်တွေက လေဒီဘွိုင်းခေါ်လာလား မခေါ်လာဘူးလားနဲ့ ပိုက်ဆံဘယ်လောက်အထိ ကုန်မလဲ စသဖြင့် မေးခွန်းတွေကို အော်တိုဖြေပြီးသားဖြစ်သွားမှာပါ။ ဟိုတယ်အဆိုရတော့ ပစ္စည်းပျောက်တာတွေ ပြဿနာဖြစ်တာတွေကြောင့် အခုလိုဖြည့်ခိုင်းတယ်လို့သိရပြီး အဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေတာပါ။ တကယ်ဒီလိုဖြည့်လို့ ပြဿနာတွေ ထိန်းသိမ်းနိုင်မလား၊ ပိုပဲ ပြဿနာတက်မလားဆိုတာကတော့ ဟိုတယ် ပိုင်ရှင်တွေပဲ အသိဆုံးဖြစ်မှာပါ။
ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ ဟိုတယ်ခေါ်လာသူကို လေဒီဘွိုင်းဖြစ်ကြောင်း ဖောင်ဖြည့်ခိုင်းလို့ ဝေဖန်မှုမြင့်တက်
Jan 23 • 3:51 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


