အီကွေဒေါနိုင်ငံတွင် ကျင်းပနေသည့် ဘောလုံးပွဲတစ်ခုအတွင်း ရဲတပ်ဖွဲ့ဝင်ဟန်ဆောင်ထားသော သေနတ်သမားများက မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် အပေါင်းအပါနှစ်ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ သေဆုံးသူများမှာ မူးယစ်မှောင်ခိုမှု၊ လူသတ်မှုနှင့် လုယက်မှုများတွင် ပါဝင်ပတ်သက်နေသူများဖြစ်ကြောင်း သိရပြီး၊ သေနတ်သမားများသည် ၎င်းတို့၏ ပစ်မှတ်ဖြစ်သူ ၃ ဦးကိုသာ ပစ်ခတ်ကာ ကျန်ရှိသည့် ကစားသမားများကိုမူ မြက်ခင်းပေါ်တွင် မှောက်အိပ်ခိုင်းထားခဲ့သည်။ ဒေသခံရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်သည် အားကစားနှင့် မသက်ဆိုင်ဘဲ မူးယစ်ဂိုဏ်းများအကြား ရန်ကြွေးရှင်းသည့် ဖြစ်ရပ်တစ်ခုသာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားပါသည်။
Jan 23 • 3:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


