နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် တရားစွဲဆိုထားမှုကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တစ်သားတည်း ရပ်တည်လျက်ရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ဇန်နဝါရီ ၂၂ ရက်တွင် သဘောထားထုတ်ပြန်ခဲ့ပါသည်။ ယခုကိစ္စသည် သာမန်ဥပဒေရေးရာကိစ္စထက် ကျော်လွန်၍ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့် သက်ဆိုင်သည့် အမျိုးသားရေးကိစ္စဖြစ်ကြောင်း၊ ဥပဒေပညာရှင်များ၏ ကျိုးကြောင်းဆီလျော်သော ကာကွယ်ချေပချက်များသည် ပြည်သူလူထု၏ စစ်မှန်သောဆန္ဒကို ကိုယ်စားပြုနေသည်ဟု ယုံကြည်ကြောင်းနှင့် နိုင်ငံ့ဂုဏ်သိက္ခာ မထိခိုက်စေရန် တာဝန်ယူဖြေရှင်းနေသည့် ကိုယ်စားလှယ်အဖွဲ့အား အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြထားပါသည်။
ICJ ၌ တရားရင်ဆိုင်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ထုတ်ပြန်
Jan 23 • 3:31 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


