back

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ အားကစားနည်း (၁၁) နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ

Jan 23 • 3:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ အားကစားနည်း (၁၁) နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲ (13th ASEAN Para Games) တွင် မြန်မာနိုင်ငံမှ အားကစားသမား၊ ...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲ (13th ASEAN Para Games) တွင် မြန်မာနိုင်ငံမှ အားကစားသမား၊ အုပ်ချုပ်သူနှင့် နည်းပြ စုစုပေါင်း ၁၄၅ ဦးဖြင့် အားကစားနည်း ၁၁ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ လက်ရှိအချိန်အထိ မြန်မာအားကစားအဖွဲ့သည် ရေကူး၊ သံလုံးပစ်နှင့် သံပြားဝိုင်းပစ် အားကစားနည်းတို့တွင် ထူးချွန်စွာစွမ်းဆောင်နိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုများကို ဆွတ်ခူးရရှိထားပြီဖြစ်ပါသည်။ ယခုပြိုင်ပွဲကို အားကစားနည်း ၁၉ မျိုးဖြင့် ကျင်းပနေခြင်းဖြစ်ပြီး မြန်မာအားကစားသမားများအနေဖြင့် ကျန်ရှိနေသည့် ပွဲစဉ်များတွင်လည်း ဆုတံဆိပ်များ ထပ်မံရရှိနိုင်ရန် ဆက်လက်ကြိုးပမ်းယှဉ်ပြိုင်နေကြောင်း သိရှိရပါသည်။

news-view-count-icon

16